နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်းအခမ်းအနားတက်ရောက်

ဒက္ခိဏ ဒီဇင်ဘာ ၂၀

နေပြည်တော်ကောင်စီက ကြီးမှူး၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဂန္ဓကုဋီတိုက်အတွင်း၌ ယနေ့နံနက် (၆)နာရီခွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများမှ လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၂၂၂) ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားသို့ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်အမှူးပြုသော ဆရာတော်ကြီး (၉) ပါးတို့ ကြွရောက်တော ်မူကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ဒေါ်မေမြင့်မောင်တို့ အမှူးပြုသော နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းများ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်သည်။

ရှေးဦးစွာ ဆရာတော်ကြီး (၉) ပါးတို့က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် (၃၂၂၂) ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အစီအစဉ်ကို ဆောင်ရွက်တော်မူကြပြီးနောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်က ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေက ဇာတင်လှူပူဇော်၍ လှူဒါန်းများနှင့်ပတ်သက်၍ အကျယ်တစ်ဝင့် တင်ပြလျှောက်ထားသည်။

ထို့နောက် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တော်မင်္ဂလာဆည်းပူးခြင်း၊ ဒုတိယပိုင်း အခမ်းအနား အစီအစဉ်ကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် အောင်စည်သာ ကျောင်းတိုက် ပဓါနနာယက အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်ထံမှ ပရိတ်သတ် များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များရွတ်ဖတ်ပူဇော် အပ်သော ပရိတ်တရားတော်မြတ်များကို နာယူခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော အကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူ ဒါန်းခဲ့ပြီး တက်ရောက်လာကြသည့်ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့ မင်္ဂလာ ဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလ ဗုဒ္ဓိမဟာထေရ်မြတ်က အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးအမှူးပြုသော အလှူရှင်များက နေပြည်တော်ကောင်စီရုံးရှိ ဝန်ထမ်းများအတွက်လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီရုံး ဝန်ထမ်းများအတွက်လည်းကောင်း၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများအတွက်လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းများ အတွက်လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာဖွံ့ဖြိုးရေးဘဏ်ရှိ ဝန်ထမ်းများအတွက် လည်းကောင်း၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် လည်းကောင်း၊ ရပ်ကွက်နေ ပြည်သူများအတွက်လည်းကောင်း  ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် မြတ်များအား ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက လက်ခံရယူကြပြီး ဤကဲ့သို့လှူဒါန်းရခြင်းမှာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အများပြည်သူတို့၏ နေအိမ်များတွင် ဗုဒ္ဓရုပ်ပွား ကိုးကွယ်ခြင်းဖြင့် ကုသိုလ်တရားများ တိုးပွားစေလိုသောဆန္ဒဖြင့် ရည်ရွယ်လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)