ပြင်ဦးလွင် ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပင်မဆောင်၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် အထက်တန်းအဆင့်စာစီစာကုံးနှင့် အလယ်တန်းအဆင့် စာစီစာကုံး (၅၄) ဦး၊ အထက်တန်းအဆင့်ကဗျာနှင့် အလယ်တန်းအဆင့် ကဗျာ (၄၆) ဦး၊ အထက်တန်းအဆင့် ဆောင်းပါး (၁၃) ဦး၊ စုစုပေါင်း (၁၁၃) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)