မိုင်းငေါ့ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွှဲ(၁) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအား (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အဓိပ္ပာယ်များ၊ နေ့ထူးနေ့မြတ်များကို ကျောင်းသား/ ကျောင်းသူလေးများအနေဖြင့် အစဉ်အမြဲ အောက်မေ့ စေရန် ပြောကြားခဲ့ပြီး ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကလေးငယ် (၁၀) ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကလေးငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဗလာစာအုပ်များ အမှတ်တရလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)