တောင်ကြီး ဒီဇင်ဘာ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရှမ်းပြည်နယ်မြို့နယ်အတွင်းဥပဒေနှင့်အညီ နေထိုင်သူများ အနက်မှတ်ပုံတင်ပြည့်စုံသူများ (Cross Check) ပြုလုပ်ခြင်းမှ ရရှိသည့် မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထပ်နေသူ၊ အကြိမ်ထပ်နေသူများအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ရှင်းလင်းခြင်းကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းသည်။
ရှင်းလင်းခြင်းတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးသန်းမှ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်မှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဖြည့်စွက်တင်ပြ ရှင်းလင်းကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လမ်းညွှန်မှာကြားမှုတွင် ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏တစ်ဝက် ကျယ်ပြန့်သောကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိပါကြောင်း၊ တိုင်းရင်းသားများပြားပြီး မြန်မာစကားများ တတ်ကျွမ်းစွာ မပြောတတ်သောကြောင့် ခက်ခဲမှုကြုံတွေ့ရပါကြောင်း၊ နိုင်ငံတော်က တာဝန်ပေးသည့်အတွက် မိမိတို့မှာ Down Ship ခရီးစဥ်ဖြင့် မိုင်ထောင်ချီသွားရောက်ကာ သက်ဆိုင်ရာ လူမျိုးစုအလိုက် စာပေယဉ်ကျေးမှုအဖွဲ့အလိုက်တွေဆုံပြီး လုပ်ငန်းစဉ်များ ချမှတ်ကာဆောင်ရွက်ရပါကြောင်း၊ တိုင်းရင်းသားများသည် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ရမည်ကို မသိရှိပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရမည်ဖြစ်၍ ပြောကြားခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်းအလုပ်သမားများရှိသောကြောင့် အိမ်ထောင်စုဇယားများ ဖောင်းဖွမှုရှိနေသည်ကို တွေ့ရပါကြောင်း၊ ယခုသင်တန်းများ ဖွင့်လှစ်ပေးပြီး သင်တန်းသားတက်ရောက်မည့် တာဝန်ရှိသူများကို ထိထိရောက်ရောက် အကျိုးဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်၏ လမ်းညွှန်မှာကြားချက်များဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ လူဦးရေစာရင်းနှင့် သေဆုံးသူ စာရင်းများ တိတိကျကျ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြား၍နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)