တပ်ကုန်းမြို့၌ မြေအောက်ရေအသုံးပြု၍ ခရမ်းသီးစိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

တပ်ကုန်း     ဒီဇင်ဘာ   ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ဒေသခံတောင်သူအချို့ မြေအောက်ရေအသုံးပြု၍ တစ်ပိုင်တစ်နိုင် ခရမ်းသီးစိုက်ပျိုးကြပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူထံမှ သိရသည်။

“ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေက ဒေသရာသီဥတုနှင့်ကိုက်ညီတဲ့ မျိုးကိုရွေးချယ် စိုက်ပါတယ်၊ ခရမ်းသီးမျိုးစိတ်တွေက ဆူးခရမ်းသီး၊ ထောပတ်ခရမ်းသီး၊ ခရမ်းညိုသီး၊ မိသားစု ခရမ်းသီး၊ ခရမ်းရှည်သီးနှင့် ခရမ်းကြွပ်သီးမျိုးများရှိပါတယ်၊ အခုစိုက်ပျိုးထားတဲ့ ခရမ်းမျိုးက ခရမ်းညိုသီးမျိုးဖြစ်ပါတယ်၊ လက်ရှိစျေး ခရမ်းညိုသီး တစ်ပိဿာကို(၄၅၀)ကျပ် ရောင်းရပြီး တစ်နေ့ပျမ်းမျှဝင်ငွေ(၁၇၅၀၀)ကျပ်ရရှိပါတယ်”လို့ ခရမ်းစိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါခရမ်းသီးမျိုးသည် စတင်စိုက်ပျိုးသည့်ရက်မှ ရက်ပေါင်း(၃၀)အကြာတွင် အသီးခူးဆွတ်နိုင်ပြီး အချိန်တိုအတွင်း မိသားစုစားဝတ်နေ‌ရေးအတွက် အပိုဝင်ငွေရရှိသော တောင်သူ လုပ်ငန်းသီးနှံတစ်ခုဖြစ်ကြောင်း သိရှိရသည်။

တင်စိုးလွင်