တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Cream ကလစ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

တောင်သာ ဒီဇင်ဘာ ၂၀

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခမ်းမ၌ Cream လစ်ပြုလုပ်နည်း သင်တန်းအား ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင် က ပြောကြားရာတွင် အိမ်ရှင်မများ တစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ကိုင်တတ်ပြီး မိသားစုအတွက် အပိုဝင်ငွေရှာတတ်စေရန်နှင့် မိမိ၏ တီထွင်ဆန်းသစ်မှုကြောင့်စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာဖြစ်ကြောင်း ပြောကြားပြီးနောက် အလှကုန်ဆိုင်မှ ဒေါ်မြင့်မြင့်ဝင်းက နည်းပြအဖြစ် ဆောင်ရွက်ပြီးနောက် Cream ကလစ်ပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းပြသရာ တက်ရောက်သည့် သင်တန်းသူများမှာ စိတ်ပါဝင်စားစွာ ကိုယ်တိုင် ပါဝင်လုပ်ကိုင်ကြပြီး ယင်း Cream ကလစ်ပြုလုပ်ရာတွင် Topic အရုပ်(၁)ခုလျှင် (၂၅၀)ကျပ်၊ အောက်ခံ ကလစ် တစ်ခုလျှင်(၂၀၀)ကျပ်၊ Cream ဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ်ပေးရပြီး ယင်း Cream ဘူး(၁)ဘူးကို ကလစ်(၆)ခု ပြုလုပ်နိုင်သဖြင့် ကလစ်(၁)ခုလျှင်(၂၅၀)ကျပ် စုစုပေါင်း Topic အရုပ်၊ အောက်ခံကလစ်၊ Cream (၃)မျိုးပေါင်းအတွက် Cream ကလစ်(၁)ခု ကျသင့်ငွေ(၇၀၀)ကျပ်ကျသင့်ပြီး ပြန်လည်ရောင်းချ ရငွေမှာ Cream ကလစ်(၁)ခုကို(၁၅၀၀)ကျပ် ပြန်လည်ရောင်းချရသဖြင့် အကျိုးအမြတ်များသဖြင့် တက်ရောက်လာသည့် သင်တန်းသူများမှာ စိတ်ပါဝင်စားလျက်ရှိကြောင်း သိရသည်။       

အဆိုပါ Cream ကလစ်ပြုလုပ်ရမည့် လိုအပ်သည့် Cream ဘူး၊ Topic အရုပ်များ၊ အောက်ခံကလစ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က စီစဉ်ဆောင်ရွက် ပေးထားတာဖြစ်ကြောင်းနှင့် သင်တန်းသူများအား လက်ဖက်ရည်/မုန့်များတည်းခင်း ဧည့်ခံပေးခဲ့ကြောင်း ယင်းသင်တန်းသို့ မြို့ပေါ်ရပ်ကွက်မှ စိတ်ပါဝင်စားသည့် သင်တန်းသူ(၁၃)ဦး တက်ရောက်ခဲ့တာဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)