ဗန်းမော် ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသိန်းစိုးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်း စဉ်ဟာအဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် မြေပြင်မှာမှန်မှန်ကန်ကန် စနစ်တကျကောက်ယူ နိုင်ရန် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး /ပြည်နယ်အဆင့်သင်တန်း တက်ရောက်လာသူများဟာ သင်တန်းမှာပို့ချမှုများကို စနစ်တကျ သင်ကြားပို့ချမှုခံယူရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင်လဝကဦးစီးမှူး ဦးဘုန်းမော်မိုးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းကို အခြေခံ၍ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ မိသားစုတိုင်းတွင် အိမ်ထောင်စုစာရင်းများရှိပါကြောင်း အဆိုပါအိမ်ထောင်စုစာရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ ကောက်ယူရမည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းကို (၂၀.၁၂.၂၀၂၂)ရက်နေ့မှ(၂၁.၁၂.၂၀၂၂)ရက်နေ့အထိ(၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်းနှင့် ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဘုန်းမော်မိုး၊ မံစီမြို့နယ်လ၀ကဦးစီးမှူး ဦးစီးအရာရှိ ဦးဘိုဘိုဇော်နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဦးတို့က နည်းပြများအဖြစ် ပို့ချဆောင်ရွက်သွားမည်ဖြစ်ပြီး ဗန်းမော်၊ မိုးမောက်၊မံစီ၊ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများစုစုပေါင်း(၁၇)ဦး တက်ရောက် သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်