မူဆယ် ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီတို့က လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမ၌ ရှင်းလင်းဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးခြင်းတွင် ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ (Working Group)ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် လူဉီးရေစာရင်းနှင့်မဲစာရင်းမှန်ကန်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် လဝကသည် အဓိကတာဝန်ရှိသူဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်မှုကို မူဆယ်မြို့နယ်နှင့်နမ့်ခမ်းမြို့နယ်တွင်လည်း (Working Group) ကောက်ယူရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အားလုံးပူးပေါင်းပါဝင်တက်ညီလက်ညီဆောင်ရွက်သွားရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ(Working Group) အတွင်းရေးမှူး ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက မြေပြင်လူဦးရေစာရင်းကောက်ယူရေးနှင့်ပက်သက်၍ ခရိုင်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ခရိုင်၊မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် တစ်အိမ်တက်/ဆင်းကောက်ယူနိုင်ရေးအတွက် လုပ်ငန်းတာဝန်များအကြောင်းအရာများ၊ မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ မန့်ဟီးရိုး၊ ပန်ဆိုင်း(ကြူကုတ်)မြို့များအတွက် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား မြေပြင်ကြီးကြပ်နိုင်ရေး တာဝန်ခွဲဝေလျာထားမှု လုပ်ငန်းအကြောင်းများရှင်းလင်းဆွေးနွေးခြင်း၊ အထွေထွေရွေးကောက်ပွဲအတွက်သန်းခေါင်စာရင်းရလဒ်မှန်ကန်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဆင့်(၅)ဆင့်အနက် လုပ်ငန်းစဉ်အဆင့်(၃)ဆင့်အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရည်ရွယ်ချက်အကြောင်းအရာများ ရှင်းလင်းခြင်း၊ အကြမ်းဖျင်းစီမံချက်တွင်ပါရှိသော ကြိုတင်ပြင်ဆင်ခြင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ စာရင်းပြုစုတင်ပြခြင်း၊ စာရင်းထုတ်ပြန်ခြင်း၊ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခြေအနေများ၊ လဝကအနေဖြင့် ကြိုတင်စီမံဆောင်ရွက်ထားမှုများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်စီမံထားသင့်သည့် ကိစ္စရပ်များဖြစ်သည့် အပိုင်း(၈)ပိုင်းအကြောင်းများ၊ ခရိုင်/မြို့နယ်သင်တန်းများဖွင့်လှစ်မည့် အကြောင်းအရာများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးသွားပါသည်။
ယင်းနောက် တက်ရောက်လာသူများကလည်း သိရှိလိုသည်များကို အပြန်အလှန်အသီးသီး ဆွေးနွေးခဲ့ကြသည်။ ယင်းအစည်းအဝေးကို မူဆယ်ခရိုင်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီဝင်အဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ကြက်ခြေနီအသင်းအဖွဲ့များနှင့်သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
အယ်လ်စိုး(မူဆယ်)