မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် အလှူငွေလှူဒါန်း

မိုင်းယောင်း စက်တင်ဘာ

ရှမ်းပြည်နယ်(အရှ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ကိုဗစ်-၁၉ ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ရေး အတွက် လှူဒါန်းမှုအပေါ် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အလှူငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် စနစ်တကျ အကျိုးရှိထိ ရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိုင်းယောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်နှင့်အညီ တုံ့ပြန်ဆောင်ရွက်နိုင် ရန် ပြင်ဆင် ဆောင်ရွက်နေလျက်ရှိကြောင်း ပြောကြားပြီး Internet Maekhong Network Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးလှမိုးက လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် Internet Maekhong Network Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးလှမိုးက အလှူငွေကျပ် ငါးသိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း