ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ ဒီဇင်ဘာ ၁၉

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ (၁၉) ၊ အမှတ် (၂၄) တွင် စာရေးဆရာ မောင်နှင်းဆီ ရေးသားထားသော “စကားခွန်အား” ဆောင်းပါးခေါင်းစဉ်ပါ အကြောင်းအရာများနှင့် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းမှ အနာဂတ်မျိုးဆက်သစ် လူငယ်များ ဗဟုသုတတိုးပွားလာစေရန်နှင့် စာပေများဖတ်ရှူ့သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ကာ စာဖတ်ဝိုင်းအား ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က “ကိုယ့်ပါးစပ် ကြောင့် ဆရာကာပြန်၊ အာခေါင်လှံဆူးဆိုတဲ့ ပုံပြင်လေးကို သားတို့သမီးတို့ ကြားဖူးကြမှာပါ မမှန်တဲ့စကား၊ မသမာတဲ့စကား၊ မဟုတ်တဲ့စကား၊ လူတစ်ဖက်သားကို မဟုတ်မမှန် ပုတ်ခတ်ထိပါးတဲ့ ထိခိုက်နစ်နာစေတဲ့ စကားမျိုးကို မပြောသင့်ပါ။ မုသာဝါဆိုတဲ့အထဲမှာ မဟုတ်မမှန်စကား၊ ယုတ်ညံ့တဲ့စကား၊  ရိုင်းစိုင်းတဲ့စကား၊ အနှစ်မရှတဲ့စကား၊ နားဝင်ခါးစကား၊ အနှစ်မရှိတဲ့စကား၊ နားဝင်ခါးစေတဲ့ အမှတ် အယူမှားစေတဲ့ အပုတ်ခတ်ထိပါးတဲ့ စကားမျိုးတွေက” မပြောသင့်ကြောင်း ဆွေးနွေးခဲ့ပြီး၊ စတုတ္ထတန်း မှ မောင်အောင်ကောင်းခန့်၊ မောင်နေမျိုးအောင်၊ မသူဇာလင်းနှင့် မဇာဇာလင်းတို့က အသီးသီးအပြန် အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ကျောက်ဖြူခရိုင်၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့်လည်း Online မှတဆင့် ရုံးချုပ်မှလစဉ် ပေးပို့လာသည့် စာအုပ်အသစ်များကို စာဖတ်ပရိတ်များသိရှိနိုင်ရန် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်း၊ စက္ကူပန်းအလှခေါက်နည်းများ ပြုလုပ်ပြသပေးခြင်းများကို ပြည်သူ့စာကြည့်တိုက် Face book page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)