မိုင်းပန်မြို့နယ်၌ (Mobile Phone)အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

မိုင်းပန ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ (Mobile Phone) အသုံးပြုနည်း သင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြည်သူလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အိရွှေစင်လတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး (Social Media) အသုံးပြုခြင်းဖြင့်ရရှိနိုင်သော ကောင်းကျိုး/ဆိုးကျိုးများ အကြောင်းရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (Mobile Phone) အသုံးပြုနည်းသင်တန်းသို့ တက်ရောက်လာခဲ့ကြသော သင်တန်းသား/သူများအား မိမိ၏ (Mobile Phone)ဖြင့် (G-mail) အကောင့်ဖွင့်နည်း၊ (G-mail) ဖြင့် စာပို့နည်း၊ ပုံပို့နည်း၊ (Social Media) ကို အကျိုးရှိအောင် အသုံးပြုနည်း၊ သတင်းအမှား/အမှန်ခွဲခြားနည်း အစရှိသည်တို့ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

စိုင်းနော်မှိုင်း (မိုင်းပန်/ပြန်ဆက်)