မိုင်းဆတ် စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူများအား ခရိုင် အုပ်ချုပ်ရေးမှူး၏ အထူးလျှော့ရက်များ ခံစားခွင့်ပြုနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ (၂)နာရီ က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေး မှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူတို့က ထောင်အတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ/သားများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က အကျဉ်းသူ/သားများအား အကျဉ်းဦးစီးဌာန၏ စည်းကမ်းများလိုက်နာ နေထိုင်ကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြရန် အားပေးစကားပြောကြားခဲ့ပြီး စားဖိုဆောင်နှင့် ရေသန့်စက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းဆတ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား/သူများအနက် ပြစ်ဒဏ်(၁၄) နှစ်အောက်ရှိ အကျဉ်းသား/သူ “က”အဆင့် (၃၈၂)ဦးနှင့် “ဂ”အဆင့် (၃၁)ဦး စုစုပေါင်း (၄၁၃)ဦးအား အထူးလျှော့ရက်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)