စဉ့်ကိုင်မြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအားတတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

စဉ့်ကိုင် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း  ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက်   နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ ငွေများကို  ယနေ့နံနက်(၁၁)နာရီက ရန်အောင်မြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် အခြခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင်ထောက်ပံ့ ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ရန်အောင်မြင်ရပ်ကွက်တွင် အိမ်ထောင်စု(၁၁၈)စုအတွက် ငွေကျပ် (၂၃၆၀၀၀၀)အားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး၀င်းမြင့်နှင့်အဖွဲ့၀င်များက   ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု(၅၃)အုပ်စုမှ ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစား  အိမ်ထောင်စု (၂၄၁၃၅)စုကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့်    ထောက်ပံ့ငွေကျပ် (၄၈၂၇၀၀၀၀၀) ကို တတိယအကြိမ်ထောက်ပံ့  ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။   

 အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)