ဆီဆိုင် ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာ အုပ်စု၊ ထီတန်းကျေးရွာ၏ အရှေ့ဘက် (၁) မိုင်ခန့်အကွာ အနီးတဝိုက်ရှိ အမြင့် (၂) ပေခွဲခန့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း (၆) ဧကအား ယမန်နေ့နံနက် ၈ နာရီ ၅၅ မိနစ်က သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ စုပေါင်းဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ဖျက်ဆီးဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်ကျော် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ကျေးရွာသားများနှင့်အတူ မြက်ဖြတ်စက်များ၊ ပေါက်ပြားများ၊ ဓါးကောက်များတို့ဖြင့် ဖူးပွင့်ဆဲဘိန်းစိုက်ခင်း (၆) ဧကအား စုပေါင်းဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘိန်းစိုက်ရာသီအတွင်း ဘိန်းစိုက်ခင်းများကို နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ဖျက်စီးခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ စုစုပေါင်း ဘိန်းစိုက်ခင်း (၃၂၅) ဧက ဖျက်ဆီးရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)