ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့ မွန်းပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးတင်လှိုင် (စာထောက်-၃)မှ AD(၁)ရာစု ပျူလူမျိုးများမှ မြန်မာနိုင်ငံကိုစတင် တည်ထောင်ခဲ့လာပုံ၊ ၁၅၅၂ တောင်ငူခေတ်၊ ၁၇၅၂ ကုန်ဘောင်ခေတ်၊ ၁၈၂၄-၂၆ ဘကြီးတော်မင်းတရားခေတ်၊ ၁၈၅၂-၁၈၅၄ ပုဂံမင်းလက်ထက်၊ ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက်စသည့် ခေတ်အဆက်ဆက် သိကောင်းစရာများ၊ ရှေးနှစ်ပေါင်းများစွာတည်းက ကိုယ့်မင်းကိုယ်ချင်းဖြင့် နေထိုင်လာသော မြန်မာနိုင်ငံ၊ နယ်ချဲ့ရန်ကို တော်လှန်တိုက်ခိုက်ခဲ့ကြသော တိုင်းရင်းသားခေါင်းများအကြောင်းစသည့် အသိပညာဗဟုသုတများရရှိစေသော အကြောင်းများ ကိုရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး အခြေခံပညာအထက်တန်းကျောင်း(သဲတော)တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးသန်းဆောင်မှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးအမွေကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်စေရန်၊ လွတ်လပ်ရေး၏ အဓိပါယ်နှင့် အနှစ်သာရကို သိရှိနားလည်ပြီး တန်ဖိုးထားမြတ်နိုးတက်စေရန်စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ပြန်ကြာရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ အခြေခံပညာ အထက်တန်းကျောင်း(သဲတော)မှ တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်