အမရပူရ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်က ပြည်လုံးကျော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၇၈-က)ကွင်း၊ ကွင်းအမည်-မင်းစုကွင်း၊ ဦးပိုင်အမှတ်(၁၅၀/၁)၊ ဧရိယာ(၃.၀၅)ဧကရှိ တောင်သူဦးမြင့်ကြိုင်၏လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော မိုးစပါး(ဧရာမင်း)စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးသိန်းဝင်း၊ အမရပူရမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးမျိုးမော်နှင့်ဝန်ထမ်းများ၊ အမရပူရမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် စံကွက်ကိုရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါစံကွက်မှ တစ်ဧကလျှင် အစိုထွက် ၈၉ ဒသမ ၈၄ တင်းထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
စိုးသီဟ(အမရ)