တိုက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်နှင့်ကာယအလှမယ်ပြိုင်ပွဲကျင်းပ

တိုက်ကြီး     ဒီဇင်ဘာ     ၁၈

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်နှင့်ကာယအလှမယ်ပြိုင်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အင်္ဂလားရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး ) အနော်ရထာခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လှယဉ်ကျေးမယ်နှင့် ကာယအလှမယ်ပြိုင်ပွဲဝင်(၁၇)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ အကဲဖြတ်အမှတ်ပေးကာ ဆုရရှိသူများကို တာဝန်ရှိသူများကဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ လှယဉ်ကျေးမယ်နှင့်ကာယအလှမယ်ပြိုင်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြိုင်ပွဲဝင်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)