ကာလိမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ကာလိ  ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အတွင်းရှိ တည်းခိုခန်းများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများနှင့် မီးဘေးစိုးရိမ်းရသောနေရာများ မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက်  ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်း ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာလိမြို့ အတွင်းရှိ တည်းခိုခန်းများ၊ ဈေးများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများနှင့် မီးဘေးစိုးရိမ်းရသောနေရာများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီ မှုရှိစေရေး၊ မီးဘေး လုံခြုံရေးဆိုင်ရာပစ္စည်းများ ဆောင်ရွက်ထားရှိခြင်း၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထား သည့်မီးကြိုးများ ကြံ့ခိုင်မှုအားစစ်ဆေးခြင်း၊ မီးသတ်ဆေးဗူးများအား စစ်ဆေးခြင်း၊ ရေသိုလှောင်ထားရှိသည့် ကန်များ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်နှင့် မီးဘေး လုံခြုံရေးအထူး ဂရုပြုဆောင်ရွက်ကြရန်တို့ကို စစ်ဆေးခြင်းနှင့်အကြုံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပြီး လျှပ်စစ်ဦးစီးမှူး က လျှပ်စစ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။       

ထင်ထင် (ကာလိ၊ပြန်/ဆက်)