ကျောက်တန်းမြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် အတွင်းရှိ ပြည်သူများမီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးဆောင်ရွက်မှုများကို ယမန့်နေ မွန်းလွဲ ၁၆းဝဝ နာရီအချိန်တွင် ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးကြီး မီးဘေးလုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်တင်မိုးဆွေတို့ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဈေးကော်မတီဝင်များမှ ဈေးကြီးအတွင်း မီးလောင်/မီးလန့်မှုများ မဖြစ်ပွါးစေရေးအတွက် မီးလောင်လွယ်စေသော အရာဝတ္ထုများကို စနစ်တကျ ထုပ်ပိုးစွန့်ပစ်ခြင်း၊ ထင်းမီးဖို/မီးသွေးမီးဖိုများ အသုံးပြုလျှင် မီးလောင်ရန် ခက်ခဲသော အကာအရံများနှင့် လုံခြုံစွာ ကာရန်အသုံးပြုရန်၊ ဂက်စစ်မီးဖို အသုံးပြုသူများအနေဖြင့် အသုံးမပြုမီ သေချာစွာ စစ်ဆေးအသုံးပြုရန်၊ လျှပ်စစ်မီးအသုံးပြုသူများသည် ဝန်အားမျှတသော လျှပ်စစ်ဝိုင်ယာကြိုးဖြင့် အသုံးပြုကြရန် ဝန်အားမခံနိုင်လျှင် အလိုအလျှောက် ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုရန် ဈေးဆိုင်များတွင် အသုံးပြုထားသော ဟောင်းနွမ်းပေါက်ပြဲအန္တရာယ်ရှိ သည့်လျှပ်စစ်ပစ္စည်းများကို အစားထိုးလဲလှယ်ဆောင်ရွက်သွားရန်၊ ဈေးဆိုင်တန်းများတွင် မီးလောင်လွယ်စေသော ဆီအမျိုးမျိုးကို သိုလှောင်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ကြရန်ဈေးပိတ်ချိန်များတွင် လျှပ်စစ်မီးမိန်းခလုတ်ချထား/ပိတ်ထားရန်၊ ဈေးဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးတစ်ဗူးနှုန်းထားရှိရန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မီးသတ်အုတ်ရေလှောင်ကန်များအား ရေအမြဲမပြတ် ဖြည့်တင်းထားရှိရန် အပေါ့စား မီးသတ်စက်အား မြင်းကောင်ရေများသည့် စက်ဖြင့် အစားထိုးလဲလှယ်သွားရန် မှာကြားခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အခါအားလျော်စွာ ထုတ်ပြန်သည့်ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ တားမြစ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်စသည့် ဆောင်ရန်/ရှောင်ရန်များကို ဈေးရောင်းချသူများအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

မြို့နယ် (ပြန်ဆက်)