ရေးမြို့ သီရိနန္ဒာ(အဏ္ဏဝါ)ရပ်ကွက် ဧရာဝတီလမ်းတွင် ရာဘာမှိုင်းခံရုံ မီးလောင်ကျွမ်းမှုဖြစ်ပွား

 ရေး   ဒီဇင်ဘာ ၁၈

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့ သီရိနန္ဒာ(အဏ္ဏဝါ)ရပ်ကွက် ဧရာဝတီလမ်းတွင် မီးလောင်မှု သတင်းအရသွားရောက်ရာတွင် အိမ်ပိုင်ရှင် ဒေါ်ခင်မာချို(၈၀)နှစ်၊ (ဘ)ဦးထွန်းနိုင်၊ (မိ)ဒေါ်သိန်းချို ရာဘာမှိုင်းခံရုံလုပ်ငန်း၊ သစ်တောစိုက်ပျိုးခင်းဘေးတွင် ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၁၉ နာရီ ၅၀ မိနစ်အချိန်က ရာဘာမှိုင်းခံရုံ (၁)လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ရေးမြို့ မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ ဝင်များက မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်( ၁၂)တို့က သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ ည ၂၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၂၀ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ရေးမြို့ သီရိနန္ဒာ(အဏ္ဏဝါ)ရပ်ကွက် ဧရာဝတီလမ်းနေ ဒေါ်ခင်မာချို(၈၀)နှစ်၊ (ဘ) ဦးထွန်းနိုင်၊ (မိ) ဒေါ်သိန်းချို၏ မှိုင်းခံရုံအကျယ်အဝန်းမှာ ၁၀ပေx၂၀ပေရှိပြီး သွပ်မိုး၊ အုပ်ကာ၊ မြေစိုက်နှစ်ထပ်ဂိုထောင်ရာဘာမှိုင်းတိုက်ရုံအတွင်း ရာဘာ မှိုင်းတိုက်ရာမှတစ်ဆင့် မီးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် လူ/ တိရစ္ဆန် သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်