နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့)ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပဆောင်ရွက်

နောင်ချို    ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ (အခမဲ့) ကွန်ပျူတာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ၁၇ရက် နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ ကျောင်း အကယ်ဒမီဝိပ္ပဿနာဓမ္မရိပ်သာဓမ္မဗိမာန်တော်၌ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ခဲ့ပြီး သဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး နောက်သင်တန်းသား/ သူများအား သင်တန်းဆင်း လက်မှတ်များပေး အပ်ချီးမြှင့်ခဲ့သည်။

အဆိုပါသင်တန်းကိုသဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာ လင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းနည်းပြ  (၆) ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ၁ရက်မှ ဒီဇင်ဘာလ ၁၆ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေး ခဲ့ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေး ကိစ္စများကိုပါ စီစဉ်ဆောင်ရွက် ထားရှိပေးခဲ့ကြောင်း သဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှသိရသည်။

ထွေးငယ်၊ပြန်/ဆက်