လင်းခေး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်၅နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲအား လင်းခေးမြို့မလမ်းဆုံနေရာ၌ စုရပ်ပြုပြီး(လင်း ခေး-မိုးနဲ-နမ့်စန်) သွားလမ်းမကြီးအတိုင်းမှ မြို့အဝင်ဝန်ထမ်းအိမ်ရာနေရာ၂မိုင်ခန့်အထိ စုပေါင်းလျှောက် ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသူအားလုံးကခရိုင်ပြည် ငြိမ်းအေးအားကစား ကွင်းတွင် စုပေါင်း ကာယလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြပါသည်။
စုပေါင်းလမ်းလျှောက်ပွဲသို့ လင်းခေး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ခရိုင်အုပ် ချုပ်ရေးမှူး ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေး မှူးဦးမြို့ဆောင်၊ ဒုတိယခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ မြို့ပေါ်၈ရပ်ကွက်ရှိဒေသခံ ပြည်သူလူထုများ၊ ဆရာဆရာ မကျောင်းသား ကျောင်းသူများစုစုပေါင်းအင်အား (၃၀၀)ဦးခန့်စုပေါင်း ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)