မိုးနဲမြို့နယ်၌ ဒီဇင်ဘာအားကစားလ တတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁၈

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒီဇင်ဘာအားကစားလ တတိယပတ် လူစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်ကကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ ၊နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊  ရပ်ကွက်နေပြည်သူများ  စုစုပေါင်းအင်အား ၆၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲစုရပ်ဖြစ်သည့် မိုးနဲမြို့ဟော်ဝင်းရှေ့မှ မောက်မယ်လမ်းအတိုင်း၊ ထိုမှတစ်ဆင့် အရှေ့မြို့ပတ်လမ်းမှ မြို့နယ်ပြည်သူ့အားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ကိုယ်လက်လှုပ်ရှား အားကစားကာယလေ့ကျင့်ခန်းများ၊ Fitness Dance များကိုတေးသီချင်းနှင့်အတူ ပျော်ရွှင်စွာစုပေါင်း လိုက်ပါပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)