ရွှေပြည်သာ ဒီဇင်ဘာ ၁8
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိအခြေခံပညာ ကျောင်းများတွင်သွေးလွန်တုပ် ကွေးရောဂါကြို တင်ကာရေးလုပ်ငန်းများဖြစ်သော၊ ရေစီးရေလာ ကောင်းမွန်စေရန်မြောင်း များတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်းခြင်နှင့် ပိုးလောက်လန်းများပေါက်ပွားမှု မရှိစေရန်အဘိတ်ဆေး ခတ်ခြင်းနှင့်ခြင်ဆေး မှုတ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၉)ခြေခံပညာမူလတန်း ကျောင်းတွင်ဆောင်ရွက် ခဲ့ကြောင်းသည်။
သွေးသွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေး မှုတ်ခြင်းများ ကိုရွှေပြည်သာမြို့အမှတ်(၉)အခြေခံပညာ မူလတန်းကျောင်း တွင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ကျန်းမာ ရေးဌာနတို့ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း များကိုဆောင်ရွက်ခဲ့ပြီး အပတ်စဉ်အခြေခံ ပညာကျောင်း များအားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)