စဉ့်ကူး ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ဗီဒီယိုလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်းများကို စဉ့်ကူးမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ(၁) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ်၊ ဗီဒီယိုကာရာအိုကေလုပ်ငန်းလုပ်ကိုင်သည့် လက်ပန်လှကျေးရွာရှိ ဆိုင်(၅)ဆိုင်နှင့် ကျည်တောက်ပေါက်ကျေးရွာရှိ ဆိုင်(၁)ဆိုင်တို့အား ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ရာတွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံး၍ ပျက်ပြယ်သော သက်တမ်းလွန် လိုင်စင်ဖြင့် ကိုင်ဆောင်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ ရှိ/မရှိ၊ ဆင်ဆာမဲ့ မြန်မာ၊ နိုင်ငံခြားနှင့် ညစ်ညမ်းဗီဒီယို တိတ်ခွေများဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ပြသခြင်း (ကာရာအိုကေ)တွင် သုံးစွဲခြင်းရှိ/မရှိ၊ တရားမဝင် ကူးယူထားသော မြန်မာဗီဒီယိုအချပ်/ နယ်မြေ လွန်၍ ပြသလျက်ရှိသော မြန်မာဗီဒီယိုအချပ်များ ရှိ/မရှိ၊ မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လုပ်ငန်းတည်နေရာများ ပြောင်းလဲ၊ ပြောင်းရွှေ့ခြင်း ရှိ/မရှိ စသည်တို့ အား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)