ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်း ကျောင်းတို့ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့မ အထက်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၅)မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာဟောပြောပွဲ ပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက် ထောက် ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးကမြန်မာနိုင်ငံအတွင်းကလေး အလုပ်သမားပပျောက်ရေး ရည်မှန်ချက်(၃)ချက်ဖြင့် ဆောင်ရွက်နေမှု၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်၊ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေခြင်း နှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူအားလုံးဝိုင်းဝန်း ကျိုးပန်းကြစေရေးတို့ကို ရှင်းလင်းဟောပြောပြီး ကျောင်းသား၊ကျောင်းသူများအား ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာမေးခွန်းများမေးမြန်းရာ အကောင်းဆုံးဖြေဆိုနိုင့်သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးကြသည်။

ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့မအထက်တန်းကျောင်း၊ဓမ္မာရုံအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံစာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်၊ စာစောင်များပြသရာ ကျောင်းသား၊ကျောင်းသူများမှ လေ့လာကြည့်ရှု ခဲ့ကြပြီးသိရှိ လိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)