ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Mask နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကျောက်ဆည်၊ စက်တင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Mask နှင့် အခြေခံစားသောက်ကုန်များကို ယနေ့မွန်းလွဲ ၂ နာရီက ကျောက်ဆည် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask နှင့် အခြေခံစားသောက်ကုန်များ ဝန်ထမ်းများအားထောက်ပံ့ပေးအပ်ရာတွင် ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းက ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင် ရွက်ကြရေး၊ မိမိတို့ဌာနသည် ပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိရာ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရေးနှင့် Mask များ စနစ်တကျတပ်ဆင်ပြီးမှ  လုပ်ကိုင်ဆောင်ရွက်ကြရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းတို့က ဝန်ထမ်း (၅၇) ဦးအား Mask (၅၀) ခုပါ တစ်ဗူး၊ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် (၁၂) ပြည်၊ ဆီ (၂) ပိဿာ၊ ကြက်ဥ (၂၀) လုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)