ကျိုင်းတုံမြို့ အထက (၆)ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

ကျိုင်းတုံ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံမြို့ နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင့်နိုင်ထွန်း နှင့်တပ်္ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှုဖြစ်ပွားပါက စနစ်တကျ မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့်ပတ်သက်သော သတိပြုဖွယ်ရာများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးဖြင့် လက်တွေ့ သရုပ်ပြ မီးငြိမ်းသတ်ခြင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းလုပ်ဆောင် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ ဆက်)