နောင်ချို ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စိန့်အလွိုက်ရှက်(စ်) မသန်စွမ်း မိဘမဲ့ဂေဟာသို့ ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်တို့ကို ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊မြို့နယ်မိခင်ကလေး စောင့်ရှောက်ရေး အသင်းဝင်များက ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်တို့ကို လှူဒါန်းခဲ့ရာ စိန့်အလွိုက်ရှက်(စ်) မသန်စွမ်းမိဘမဲ့ဂေဟာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့သည် မြို့နယ်အတွင်း လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသမီးရေးရာအဖွဲ့ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)