နမ့်ဆန် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူး အကြောင်းအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြီး ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ဒေါက်တာလွင်သန့်၏ ဆယ်ကျော်သက်တို့ ရွှေရောင်အိပ်မက်များနှင့်မင်္ဂလာမောင်မယ်ကျန်းမာရေးစ ကားဝိုင်းများ (၁၁)စာအုပ်ထဲမှ “လမ်းလျှောက်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးကိုယ်လက် လှုပ်ရှားခြင်း တစ်ရပ်ဖြစ်ပါတယ် လမ်းလျှောက်ခြင်း၊ ချင့်ချိန်စားသုံးခြင်း၊ ကောင်းမွန်စွာ အိပ်စက် ခြင်းဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဆေးလို့ဆိုကြသလို တစ်နေ့မှာနာရီဝက်မှ တစ်နာရီအားကစားအပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးလုပ်ဆောင်ပေးခြင်းကပိုလျှံနေတဲ့ ကယ်လိုရီလောင်ကျွမ်းစေကာ အဆီအဖြစ် မစုစည်းနိုင်လို့ချွေးအဖြစ် ထုတ်ပယ်ခိုင်း ခြင်းပဲဖြစ်ကြောင်း၊ လမ်းလျှောက်ခြင်းက အမြင်အားကောင်းခြင်း၊ အရိုးအဆစ်များကို သန်မာစေ သလို စိတ်ဖိစီးမှုများကိုလည်း သက်သာစေနိုင်ကြောင်း ယနေ့ပြည်သူများဟာ ရေဆာရင် ရေသောက်ရမည့်အစား အချိုရည်၊ အားဖြည့်အချိူရည်၊ ဘီယာ၊ အရက်၊ ဆိုဒါများသောက်ကြ တယ် ခန္ဒာကိုယ်လုပ်ရှားမှုက လမ်းမလျှောက်ခြင်တော့ဘဲ လူကအဝလွန်ခြင်းများဖြစ်လာပြီး၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောရောဂါ၊ ရုတ်တရက်နှလုံးအ တိုက်ခိုက်ခံရခြင်း၊ အယ်ဇိုင်းမားရောဂါ စတဲ့ရောဂါများ ဖြစ်လာရပါတယ် အပေါဆုံးနဲ့လူအများ ပါဝင်လုပ်ဆောင်နိုင်တဲ့ လမ်းလျှောက်ခြင်း အားကစားကိုတောင် လူတွေလုပ်ရမှာပျင်းလာလို့ နိုင်ငံတော်က အပတ်စဉ်စနေနေ့ ဒီဇင် ဘာလ စနေနေ့တိုင်း(လမ်းလျှောက်ပွဲ) တွေလုပ်ကာ လှုံ့ဆော်လာတယ် အဓိကကတော့တစ်မျိုးသားလုံး ကျန်းမာရေးဖြစ်ပြီး ဒီဇင်ဘာစနေနေ့မနက်သာမက မနက်တိုင်းလမ်းလျှောက်ရင် ပိုကောင်းပါတယ် လူတိုင်းနေ့စဉ် နာရီဝက်မှန်မှန်လမ်းလျှောက်ကြပါစို့”ဟုလမ်း လျှောက်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို အကျယ်တဝန့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ လမ်းလျှောက်ခြင်း အကျိုးကျေးဇူး Talk Show အစီစဉ်ကိုနမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Namhsan Page တွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်