ဒီဇင်ဘာလ တတိယပတ် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလှုပ်ရှားမှုပြုလုပ်

မန္တလေး ဒီဇင်ဘာလ ၁၇

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ ၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့နံနက် ၆ နာရီ က မန္တလေးကျုံးမြို့ရိုးအတွင်း လမ်း၊ ၁၉လမ်း၊ ဦးထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက လမ်းလျှောက်ပွဲကို သေနက်ပစ်ဖောက်တာလွှတ်ပေးပြီး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် အတူ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ မန္တလေးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ အားကစားသမားများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ လုပ်သားပြည်သူများ စုစုပေါင်း ၈၅၀ ဦးခန့် စုပေါင်းပါဝင်၍ လမ်းလျှောက်ပွဲ ဆင်နွဲကြသည်။

အဆိုပါလမ်းလျှောက်ပွဲ တွင်မန္တလေးကျုံးမြို့ရိုးအတွင်းလမ်းအတိုင်းတောင်ဘက်သို့ စုပေါင်းလမ်းလျှောက်ကြပြီး ရတနာပုံဥယာဥ်သို့ရောက်ရှိ၍ စု ပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလှုပ်ရှားမှုများ တပျော်တပါး စုပေါင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(ပြန်/ ဆက်)