မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာ၌ တည်ထားပူဇော်မည့် ကမ္ဘာလုံးစေတီ၊ ဓာတ်ပေါင်းစုစေတီနှင့် နဂါးရုံဘုရား ပန္နက်တင်ရတနာအုဋ်မြစ်ချမင်္ဂလာကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော လောကချမ်းသာလာဘမုနိစေတီတော်မြတ်ကြီးအနီး တည်ထားပူဇော်မည့် ကမ္ဘာလုံးစေတီ၊ ဓာတ်ပေါင်းစုစေတီနှင့် နဂါးရုံဘုရား ပန္နတင်ရတနာအုဋ်မြစ်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါတည်ထားပူဇော်မည့်နေ့ရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မိုင်းဆတ်မြို့၊ မြို့ဉီးကျောင်းတိုက်မှ ရှမ်းပြည်နယ်၊ ပြည်နယ်ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တပဏ္ဍိတနှင့် မိုင်းဆတ်မြို့နယ်သံဃာ့နာယကဉက္ကဋ္ဌ မြို့သစ်ကျောင်းတိုက်ဆရာတော်အမှူးပြုသော သံဃနယကအဖွဲ့ဝင်ဆရာတော်များကမြေသန့်မင်္ဂလာပြုလုပ်ပြီး ဆရာတော်သံဃာတော်များနှင့်တကွ ဒကာ၊ ဒယိကာမများ၊ ဘုရားအမဖြစ်သော ဒေဝီအောင်ခြင်းမေ(နယ်လှည့်သာသနာပြု)တို့က ပန္နက်တင်မင်္ဂလာနှင့် ရတနာအုဋ်မြစ်ချခြင်း မင်္ဂလာတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)