ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ စာဖတ်ဝိုင်းဆောင်ရွက်

ကွန်ဟိန်း  ဒီဇင်ဘာ ၁၇

 ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသသည်။

 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် စာပေဖတ်ရှုမှုနှုန်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ အသိပညာဗဟုသုတများ ဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ အချင်းချင်းရင်းနှီးမှုပိုမိုရရှိစေမည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ယင်းနောက် သင်တန်းသူများမှ ၎င်းတို့ဖတ်ရှု့ထားသည့် သုတ၊ရသ စာအုပ်များဖြစ်သည့်  စာရေးဆရာ လူထုစိန်ဝင်း၏ လူငယ်နှင့်တာဝန်ယူစိတ်၊ စာရေးဆရာ ပီမိုးနင်း၏ လူနှင့်အလုပ်၊ စာရေးဆရာ ချမ်းမြေ့ဝင်း၏ မျှော်လင့် ခြင်းဖတ်စာ၊ စာရေးဆရာမ စူးရှမေ၏ စိတ်လုံခြုံမှုရပ်ဝန်းငယ် စသည့် စာအုပ်များ ဖြင့် ဆွေးနွေးခဲ့ကြပြီး ကျန်သင်တန်းသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 အဆိုပါ စာဖတ်ဝိုင်းအား အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ဆန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)