သုံးခွမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် ရေဆင်းစပ်မျိုးနေကြာ(၁) ဆောင်း‌နေကြာသီးနှံ မျိုးစေ့ချပွဲ အခမ်းအနားကျင်းပ

သုံးခွ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ပြည်တွင်းစားသုံးမှုဆီဖူလုံ ရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ် ရေဆင်းစပ်မျိုးနေကြာ(၁) ဆောင်း‌နေကြာသီးနှံမျိုးစေ့ချပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အနောက်ကျေးရွာအုပ်စု တောင်သူဦးသိန်းဇော်၏ ကွင်းအမှတ်၈၄၂ လယ်မြေဧက (၁၀ )ဧကကွင်းတွင် ကျင်းပခဲ့သည်။  

သုံးခွမြို့နယ် တစ်မြို့နယ်လုံးအနေဖြင့် နေကြာစိုက်ဧက( ၄၀၀) စိုက်ပျိုးရန်လျာထားလျက်ရှိပြီး ယနေ့အထိ (၃၆၆) ဧက စိုက်ပျိုးထားပြီးဖြစ်သည်။ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့မှ လျာထားချက်ပြည့်မှီကျော်လွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နေကြာဆီကြိတ်စက်များလည်း ဒေသတွင်းရှိနေပြီဖြစ်‌ သောကြောင့်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးဆီဖူလုံမှုရရှိစေ မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတင်မြင့်အောင်က ပြောကြားသည်။

အဆိုပါ‌ဆောင်းနေကြာသီးနှံမျိုးစေ့ချပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မြင့်အောင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ ကြောင်းသိရသည်။

စည်သူလင်း ပြန်/ဆက်