ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေး လူငယ်စကားဝိုင်းကို၊ ယမန်နေ့ မွန်းလွဲ(၁) နာရီက၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းသားလူငယ်များ ကျန်းမာရေးဆိုင်ရာဗဟုသုတများရရှိစေရန်နှင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့်အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း သိရပြီး၊ အခန်းအနားတွင် အမှတ်(၁)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးဆိုင်ရာများကို အလေးထားဆွေးနွေးကြမှာဖြစ်ကြောင်း နှင့်ကျောင်းသားတစ်ဦးချင်းအလိုက် သိရှိလိုသည်များကို လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်းများကျင်းပ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စကားဝိုင်းကိုစတင်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် မြို့နယ်ဦးစီးအရာရှိတို့က ဦးဆောင်၍ Grade-9 ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည့် မောင်တင်ကိုဟိန်း၊ မမေသရဖီဇော်၊ မသူဇာလင်းတို့က လူငယ်နှင့်ကျန်းမာရေးဆိုင်ရာများကို ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လှန်ဆွေးနွေးခြင်းများ ပြုလုပ်၍ အခန်းအနားကို ရုပ်သိမ်းလိုက် ကြောင်းသိရသည်။ အခမ်းအနားအပြီးတွင် ကျောင်းအုပ် ဆရာမကြီး၊ မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးသူကျောင်းသား/ ကျောင်းသူ(၃)ဦးတို့ စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများ၊ အမှတ်(၁)အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား(၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)