ပျဉ်းမနား စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒကိ္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်အထက် ဘိုးဘွားများအတွက် အမျိုးသားလူမှုရေးပင်စင်ကို (၃)လတစ်ကြိမ်အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အမျိုးသားလူမှုရေး ပင်စင် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ပေးအပ်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအားလုံးကို အိမ်တိုင်ရာရောက် အမျိုးသား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ထို့သို့ပေးအပ်ရာတွင် ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးသိုက်ဝေဖြိုးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပျဉ်းမနားမြို့နယ်အတွင်း ရှိ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)အုပ်စုမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၀၈)ဦး အတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်ဖြင့် ငွေကျပ်(၂၄၂၄၀၀၀၀)ကို အိမ်တိုင်ရာရောက်ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)