လင်းခေးခရိုင် အခြေခံပညာကျောင်းပေါင်းစုံအားကစား (ခရိုင်အဆင့်လူရွေးပြိုင်ပွဲ) ကျင်းပ

လင်းခေး ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာကျောင်းပေါင်းစုံ(ခရိုင်အဆင့်)အားကစား လူရွေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကစတင်ကာ ခရိုင်ပြည်ငြိမ်းအေးအားကစားကွင်း၌ကျင်း ပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပြေးခုန်ပစ်အားက စားအမျိုးသား/ အမျိုးသမီးမီတာ ၁၀၀၊ ၂၀၀နှင့် မီတာ၈၀၀ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ အလျားခုန်၊ အမြင့်ခုန်နှင့် သုံးဆင့်ခုန် ပြေးခုန်ပစ်အားကစားများ၊ ပိုက်ကျော်ခြင်း လုံးခတ်ပြိုင်ပွဲ(ကျား)၊ အမျိုးသားအမျိုးသ မီးဘောလီဘောပြိုင်ပွဲတို့ ပါဝင်သည်။

ပြိုင်ပွဲသို့ လင်းခေးခရိုင်အတွင်းရှိ၊ လင်းခေး၊ မိုးနဲ၊ မောက်မယ်မြို့နယ်နှင့် မိုင်းပန် မြို့နယ်များမှ အခြေခံပညာကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ၎င်းအားကစားများ လူရွေးပြိုင်ပွဲမှ ထူးချွန်အားကစားသမားများအား ရွေးချယ်ကာ၊ ပြည်နယ်အဆင့်ကျောင်းသားအားက စားပြိုင်ပွဲသို့ ခရိုင်ကိုယ်စားပြုဆက်လက် စေလွှတ်ယှဉ်ပြိုင်သွားနိုင်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ခရိုင်အဆင့်အားကစားလူရွေးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအား ()ရက်တာကာလ ကျင်းပပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ် (ပြန်/ ဆက်)