ဟိုပုံး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း လူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း အသိပေးညှိနှိင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြိုနယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာစန်းလှိုင် တို့က အမှာစကားအသီးသီးပြောကြားပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း ပြည်နယ်ရုံးမှ ဒေါ်နန်းဆိုင်ဆွမ်းက စီမံကိန်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအောင်မြင်နိုင်ရေးအတွက်စီမံကိန်းတွင် ပါဝင်သည့် ကျေးရွာအုပ်စုများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖိုလိုအပ်ကြောင်းနှင့် အဓိကဆောင်ရွက်သွားမည့် စီမံချက်လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဆွေးနွေးပွဲသိုတက်ရောက်လာကြသည့် ကျေးလက်ကျန်းမာရေးဌာနများမှဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရ မြေပြင်အခက်အခဲများနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို အကြံပြုဆွေးနွေးချက်များကို တာဝန်ရှိသူက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)