(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပ

လွိုင်လင် ဒီဇင်ဘာ ၁၆

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၊ အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး Community Centre  တွင် ယနေ့ နံနက်(၉)နာရီက ကျင်းပသည်။

ရှေးဦးစွာ အစီအစဉ်အရ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ နီလာမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် အခမ်းနားဒုတိယပိုင်းအစီအစဉ်ကို Community Centre ခန်းမ၌ ဆက်လက်ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခမ်းအနားအစီအစဉ် တတိယပိုင်းဖြစ်သည့် ဟောပြောပွဲတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေက လူငယ်နှင့်စာပေအနုပညာအကြောင်းကိုလည်းကောင်း၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက “ထိန်းသိမ်းစို့လေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောကြသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၊ အထိမ်းအမှတ်အကြို ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထက(၂)ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စိတ်ဝင်တစား တက်ရောက်ကြည့်ရှ့ လေ့လာကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)