ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ သက်ကြီးရွယ်အို စောင့်ရှောက်ရေး  အသိပညာပေး(Talk Show) ဆောင်ရွက်

တ္တရသီရိ  ဒီဇင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အသိပညာပေး(Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

အဆိုပါ(Talk Show)တွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ၂၀၁၅ ခုနှစ် သက်ကြီးရွယ်အိုကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အသက်(၆၅)နှစ်အထက် အမျိုးသမီး၊ အမျိုးသားများကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးမွေးဖွား နှုန်းနှင့်သက်ကြီးရွယ်အိုများအကြောင်း၊ သက်ကြီးရွယ်အိုများနှင့်အိမ်တွင်း အကြမ်းဖက်မှုများအကြောင်း၊ သက်ကြီးဘိုးဘွားပင်စင်ထောက်ပံ့ပေးနေမှုအခြေအနေများအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး အသိပညာပေး (Talk Show) အပြည့်အစုံကို  We Love Ottarathiri Facebook Pageတွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း  သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)