ပင်လောင်းမြို့၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းထားရှိမှုများအားရှင်းလင်း

ပင်လောင်း ဒီဇင်ဘာ ၁၆

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေအမှတ်၊ ၄၆/၂၀၂၂ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းသည့်အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ချပြရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များ၊ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များ၊ မှတ်ပုံတင်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ၊ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်ခြင်း၊ အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့ မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိသောအဖွဲ့ အစည်းများ၊ အသင်းအဖွဲ့၏ အခွင့်အရေးနှင့်တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ​ပြစ်ဒဏ်များနှင့် အထွေထွေလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့ ကိုယ်စားလှယ်များက အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက မေးမြန်းချက်များအပေါ်  ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခွန်အာကာစိုး