ဒေါ့ဖုန်းယန်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မည့် တောင်သူများအား လွှဲပြောင်းငွေပေးအပ်

ဒေါ့ဖုန်းယန် ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ သိန်လုံကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် တောင်သူများအား လွှဲပြောင်းငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းက အဖွင့်အမှာစကားပြောကြားပြီး  စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမိုးတင်က သိန်လုံကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မည့် တောင်သူများအား ရန်ပုံငွေများကို   ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ

နှင့်အညီ ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည့်အစုအဖွဲ့သော် လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း လုပ်ငန်းများ မြန်ဆန်ထိရောက်အကျိုးရှိစွာ ဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် တောင်သူများအား လွှဲပြောင်းငွေ ပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူ(၁၁၅)ဦး၊ စုစုပေါင်း လယ်(၃၀၀)ဧကအတွက် တစ်ဧကလျှင် ကျပ်(၂) သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၆၀၀)ကို တာဝန်ရှိ တောင်သူများ၏ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဒေါ့ဖုန်းယန်(ပြန်/ဆက်)