ရွှေပြည်သာ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အသိပညာပေး သတိပေးနှိုးဆော်ကြေငြာခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ယနေပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှလိုက်လံ အသိပေးနှိုးဆော်ကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာသဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ၂၀၁၅ခုနှစ် မြန်မာနိုင်ငံမီးသတ်ဥပဒေပုဒ်မ (၁၆)အရ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအသီးသီးတွင် နေထိုင်ကြသည့်လုပ်သားပြည်သူများ သိရှိလိုက်နာနိုင်ရန် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်(၂၇)ချက်အား ပြည်သူများသိရှိလိုက်နာနိုင်ရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ ဆက်)