မိုးမိတ်မြို့တွင် ကွမ်းစားခြင်းအန္တရာယ် အသိပညာပေးဟောပြော

မိုးမိတ်  ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကွမ်းစားခြင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နဘ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာသိမ့်က ကွမ်းစားခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲသူ၏ ခန္ဓာတွင် ဖြစ်ပွားစေနိုင်သော ရောဂါများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများအား နောင်တမရအောင်ကွမ်းကိုရှောင်၊ ဆေးလိပ်၊ဆေးရွက်ကြီးသုံးစွဲသူ၏ အန္တရာယ်အကြောင်း လက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့ပြီး ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်းများတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်များကတ်၍ ကြေညာာခဲ့ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)