ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၃) အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပြင်ဦးလွင် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၃) အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် () နာရီက ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်ဦးသောင်းမြင့်သိန်း၊  ပြင်ဦးလွင်မြို့နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးလူလှ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းတို့က စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ ယခုကဲ့သို့တွေ့ဆုံပွဲကျင်းပ၍ ရပ်ရွာအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများအား ဦးစွာအသီးသီး ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိက လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြု (Proportional Representation System-PR) စနစ်အကြောင်း သိကောင်းစရာများအား ရှင်းလင်း ပြောကြားခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊စိုက်ပျိုး‌ရေးဦးစီးဌာန၊‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ဆည်‌မြောင်း၊‌ ကျေးလက်လမ်းဦးစီးဌာန၊‌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဌာနဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေး စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

ဆက်လက်၍ စစ်ကြောင်းကြီး (၅) ကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရပ်ကွက်ကြီး (၁၃) မှ  ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ ပုံစံ (၆၆/၆) တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ ပြင်ဆင်ခြင်း၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆောင်ရွက်ခြင်း နှင့် စည်ပင်သာယာရေးကိစ္စများ ဆောင်ရွက်ပေးခြင်းတို့ကို မွန်းလွဲ (၃) နာရီထိ ဆောင်ရွက် ပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကြီး (၁၃) မှ ပြည်သူများ စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)