စဉ့်ကူး ဒီဇင်ဘာ ၁၆
စဉ့်ကူးမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စဉ့်ကူးမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းရခြင်းနှင့် လူဦးရေစာရင်း မှန်ကန်ရေးမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အသေးစိတ်စီမံချက်များကို အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရွှေဝင်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်း၍ သင်တန်းပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်/ကျေးရွာများ၏ လူဦးရေစာရင်းပြည့်စုံမှန်ကန်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)