ကိုကိုးကျွန်း ဒီဇင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာမှာ ကာကွယ်ဆေးထိုးနှံခြင်းဟာ အဓိကအခန်းကဏ္ဍမှာပါ၀င်တာဖြစ်သည့်အတွက် ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား မြို့နယ်ခန်းမစုရပ်နေရာ၌ အသက်(၄၀)မှ(၆၄)နှစ်အထိ ဒုတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုများသတ်မှတ်ပြီး တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်နှင့်သူနာပြုများ ကျန်းမာရေးဝန်ထမ်းများနှင့်စေတနာ့ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အခြားအထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ခဲ့ကြောင်းသိရသည်။ ထိုသို့ ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသိန်းထိုက်ဦး၊ ကိုကိုးကျွန်းမြို့နယ် လေတပ်စခန်းမှဒုတိယဗိုလ်မှူးကြီးကျော်မိုးဦး၊ အမှတ်(၂၈)ရေတပ်အခြေစိုက်စခန်းမှ ဗိုလ်မှူးချစ်ကိုကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များမှ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် အသက်(၄၀)နှစ်မှ (၆၄)နှစ်အတွင်း ဒေသခံပြည်သူလူထုအား ကာကွယ်ဆေးထိုးနှံခြင်းသည် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းဖြစ်ကြောင်းနှင့် စုစုပေါင်း(၁၉၆)ဦးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)