နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားတက်ရောက်

စစ်တွေ   ဒီဇင်ဘာ  ၁၆

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများအားကစားပြိုင်ပွဲများ ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ နိုင်ငံတောင်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အားကစားဝါသနာရှင်များနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတောင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတောင်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စည်သူ ဒေါ်အေးနုစိန်က အမျိုးသမီးအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာအောင်ကျော်မင်းက အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားက စားသမားများအား လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးက အသက် ၂၅ နှစ်အောက် အမျိုးသား စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အားကစားသမားများအား လည်းကောင်း လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများ အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသော အားကစားသမားများအား လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ကဓညဝတီအားကစားခန်းတွင် အားကစားပြိုင်ပွဲများအဖြစ် အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်တုရင်ပြိုင်ပွဲတွင် အလွတ်တန်း အမျိုးသား၊ အမျိုးသမီးနှင့် အသက် ၂၅ နှစ်အောက် အမျိုးသား၊ အမျိုးသမီးများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တစ်ဦးချင်းအမျိုးသား၊ အမျိုးသမီးနှင့် နှစ်ယောက်တွဲ အမျိုးသား၊ အမျိုးသမီးအားကစားသမားများပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ အလားတူစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် တစ်ဦးချင်းအမျိုးသား၊ အမျိုးသမီးနှင့် နှစ်ယောက်တွဲ အမျိုး သား၊ အမျိုးသမီးအား ကစားသမားများယှဉ်ပြိုင်ခဲ့ကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားအလွတ်တန်းပြိုင်ပွဲနှင့် အမျိုးသမီးအလွတ် တန်း ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် အမျိုးသားအားကစားသမား ၁၅၁ ဦး၊ အမျိုးသမီးအား ကစားသမား ၇၂ ဦး၊ စုစုပေါင်းအားကစားသမား ၂၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။

စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမား များအား ပထမဆုကျပ် ၁၀၀၀၀၀၊ ဒုတိယဆုကျပ် ၈၀၀၀၀၊ တတိယဆုကျပ် ၅၀၀၀၀ စီချီးမြှင့်သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုကျပ် ၃၀၀၀၀၀၊ ဒုတိယဆုကျပ် ၂၀၀၀၀၀ နှင့် တတိယဆုကျပ် ၁၀၀၀၀၀ စီချီးမြှင့်ခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)