တကောင်း ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်၊ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများ၊ သတင်းဗီဒီယိုများ ရိုက်ကူးတည်းဖြတ်ရာတွင် အရည်အသွေးပြည့်မှီသည့် သတင်း ဗီဒီယိုများရိုက်ကူးထုတ်လွှင့်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့နှင့် (၁၆) ရက်နေ့တို့တွင် Mobile Phone ဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Mobile Phone ဖြင့် Kinemaster ဆော့ဝဲ(လ်)အသုံးပြု၍ ဗီဒီယိုတည်းဖြတ်နည်းများ၊ Export တင်သွင်းနည်း၊ Wetransfer အသုံးပြု၍ သတင်းဗီဒီယိုပေးပို့နည်းများအား အသေးစိတ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သီရိ