မြစ်သားမြို့ ကျီတော်ကုန်း(မူလွန်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ                                                     

မြစ်သား   ဒီဇင်ဘာ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးကျော်ဟန်စိုးနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့မအရှေ့ ရပ်ကွက်ရှိ ကျီတော်ကုန်း(မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာ ကျီတော်ကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးကျော်ဟန်စိုးက “လူငယ်နှင့်အားကစား”အကြောင်းနှင့် “လူငယ်နှင့်ခေါင်းဆောင်မှု” အကြောင်းခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ကြရန် အသိပေးပြောကြားပြီး စာဖတ်ခြင်းအ ကျိုးကျေးဇူးနှင့် က‌လေးအလုပ်သမား ပပျောက်ရေးအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟန်စိုးက  ကျောင်းတွင်းအားကစားများဆောင်ရွက်နိုင်ရေးအတွက်(၁၈၀၀၀)ကျပ်တန်ဖိုးရှိဘောလုံး(၁)လုံး၊ (၁၆၅၀၀) ကျပ် တန်ဖိုးရှိ ဘောလီဘော(၂)လုံးနှင့် (၅၅၀၀)ကျပ်တန်ဖိုးရှိ ပိုက်ကျော်ခြင်း(၃)လုံးစုစုပေါင်းငွေကျပ် (၆၇၅၀၀)တန်ဖိုးရှိ အားကစားအထောက်အကူပြုပစ္စည်းများကို ကျောင်းသား၊ကျောင်းသူများ အားကစား လှုပ်ရှားမှုများတွင် အသုံးပြုနိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးထံ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။  

ရဲနိုင်ဦး(မြစ်သား)